ရန်ကုန်မြို့ရဲ့ ဘတ်စ်ကား လမ်းကြောင်း ဒေတာအချက်အလက်တွေဟာ အမြဲမပြတ် ပြောင်းလဲနေတာမို့လို့ YBS GO အနေနဲ့ အချက်အလက်အားလုံးကို အမြဲတမ်း တိကျမှန်ကန်နေအောင် လိုက်လံစစ်ဆေးဖို့ဆိုတာ တကယ့်ကို အခက်အခဲတွေရှိနိုင်ပါတယ်။
ဒါပေမဲ့ ဒီလိုစိန်ခေါ်မှုတွေကို အကောင်းဆုံး ကျော်လွှားနိုင်အောင် နောက်ကွယ်ကနေ အားဖြည့်ပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ Community Heroes တွေ ရှိနေပါတယ်။
အများပြည်သူ သွားလာရေး ပိုမိုအဆင်ပြေစေဖို့အတွက် အချက်အလက်တွေကို စေ့စေ့စပ်စပ် ပြင်ဆင်စစ်ဆေးပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်း contributor များကတော့ —
- Aung Phone Pyae
- Jame
- Kyaw Myo Oo
- Lynn NHtun
- Sitt Myat
လူကြီးမင်းတို့ကြောင့်သာ လက်ရှိမှာ အသုံးပြုသူ အမြောက်အမြားအတွက် တကယ့်ကို ကြီးမားတဲ့ အကူအညီဖြစ်စေခဲ့တာပါ။ တစ်ယောက်ချင်းစီရဲ့ အကူအညီအတွက် လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိရပါတယ်။
📣 ခရီးသွားမိဘပြည်သူများသို့ ဖိတ်ခေါ်ချက်
YBS GO App ကို အမြဲတမ်း အမှားအယွင်းကင်းပြီး ယုံကြည်စိတ်ချရတဲ့ App တစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ဖို့အတွက် ခရီးသွားသူတိုင်းရဲ့ ပူးပေါင်းပါဝင်မှုက အင်မတန် အရေးကြီးပါတယ်။
မိမိတို့ စီးနင်းနေကျ လမ်းကြောင်းတွေမှာ အချက်အလက် လွဲမှားနေတာမျိုး၊ ပြင်ဆင်စရာ ရှိတာမျိုး တွေ့ရှိခဲ့ရင် App အတွင်းရှိ Report Form ကနေတစ်ဆင့် တိုက်ရိုက် အကြောင်းကြား ဝိုင်းဝန်းပြင်ဆင်ပေးလို့ ရပါတယ်ဗျာ။ လူထုအတွက် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို အတူတူ ဖန်တီးလိုက်ကြစို့။