Something Big is Coming

ပိုလန်း၊ ပိုမိုက်၊ ပိုကောင်းသွားပြီ။
ပိုလန်း၊ ပိုမိုက်၊ ပိုကောင်းသွားပြီ။

YBS GO အသုံးပြုသူတို့ရေ…

ကျွန်တော်တို့ YBS GO Team အနေနဲ့ အသုံးပြုသူတွေရဲ့ Feedback နဲ့ အကြံပြုချက်တွေကို အမြဲတမ်း သေချာနားထောင်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ အခုဆိုရင် အားလုံးဆန္ဒရှိခဲ့ကြတဲ့ Feature အလန်းစားတွေနဲ့ YBS GO Version 2 ကို လာမယ့် ဇူလိုင်လ (၁) ရက်နေ့မှာ အပြတ်အသတ် မိတ်ဆက်ပေးတော့မှာပါ!

ဒီတစ်ခေါက် Update မှာ ဘာတွေ ထူးထူးခြားခြား ပြောင်းလဲသွားလဲဆိုတော့…

99% Offline Engine 🗺️ - ဟုတ်ပါတယ်။ အင်တာနက် လုံးဝမလိုဘဲ အရင်ကထက် ပိုမိုချောမွေ့မြန်ဆန်စွာနဲ့ ခရီးစဉ်တွေကို ရှာဖွေနိုင်တော့မှာပါ။

ပိုကောင်းတဲ့ လမ်းကြောင်းရှာစနစ် 📍 - ကိုယ်သွားမယ့်ခရီးစဉ်အတွက် အမြန်ဆုံးရောက်မယ့် လမ်းကြောင်းတွေကို အတိအကျ လမ်းညွှန်ပေးသွားမှာ ဖြစ်ပါတယ်။

ယာဉ်စီးခနဲ့ ကားအဝင်အထွက် 💸 - ကားခ ဘယ်လောက်ကျမလဲဆိုတာ တစ်ပါတည်း ဖော်ပြပေးမယ့်အပြင်၊ လမ်းမှာ စောင့်ရတာ သက်သာအောင် ခပ်စိပ်စိပ်လာတတ်တဲ့ ကားလိုင်းတွေကို ဦးစားပေး ဖော်ပြပေးသွားဦးမှာပါ။

ဖုန်းပိတ်ပြီးသုံးမယ် - အသံလမ်းညွန်တာကိုလည်း အရင်လို ဖုန်းဖွင့်ပြီး သုံးနေစရာမလိုတော့ပဲ ဖုန်းပိတ်ပြီး အသုံးပြုလို့ရတော့မှာပါ၊ ဒါအပြင့် ဆင်းရမည့် မှတ်တိုင်နီးရင်လည်း notification က ပို့ပေးဦးမှာပါ။

မှတ်တိုင်တွေ ပိုမိုရှာရတာ လွယ်ကူမှာလာဖြစ်ပြီး မြေပုံမှာလည်း ကိုယ်ဘယ်နေရာရောက်နေလဲဆိုတာကိုလည်း GPS ON လိုက်တာနဲ့ သေသေချာချာ ကြည့်လို့ရလာမှာပါ။

ဒါ့အပြင် အခြားအသုံးဝင်သော feature အသစ်တွေလည်း ပါဝင်လာမှာမလို့ ဇူလှိုင်(၁)ရက်နေ့မှာ ဆုံပါမယ်နော်။

ဘယ်ကနေ ဒေါင်းလုတ်ဆွဲလို့ရမလဲ? 📲

ဇူလိုင်လ (၁) ရက်နေ့ကစပြီး မိမိအဆင်ပြေမယ့် Store တွေဖြစ်တဲ့ Google Play Store, APKPure, HUAWEI App Gallery, နဲ့ Ru Store တို့မှာ တရားဝင် ဒေါင်းလုတ်ရယူပြီး Update လုပ်နိုင်ပါပြီ။

အမြဲတမ်း ပိုမိုကောင်းမွန်တဲ့ App တစ်ခုဖြစ်အောင် ဖန်တီးချင်တာမို့လို့ သုံးကြည့်ပြီးရင်လည်း လိုအပ်ချက်တွေကို လွတ်လပ်စွာ ဆက်လက်အကြံပြုပေးကြပါဦးနော်။ 😉