ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်လမ်းညွှန်

Yangon Circular Railways Map
Yangon Circular Railways Map

ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်များကို အဓိကအားဖြင့် အင်းစိန်ဘူတာ နှင့် ရန်ကုန်ဘူတာကြီး တို့ကို အခြေပြုပြီး ပြေးဆွဲပေးနေတာ ဖြစ်ပြီး ခရီးဆုံးတွင် အဆိုပါဘူတာကြီးများ၌ လမ်းဆုံးလေ့ရှိပါတယ်။

ရထားများသည် YBS ဘတ်စ်ကားများကဲ့သို့ နံပါတ်များဖြင့် သတ်မှတ်ပြေးဆွဲနေခြင်းမဟုတ်ဘဲ ခရီးစဥ်လိုင်းများအတိုင်း ပြေးဆွဲနေခြင်းဖြစ်ရာ အောက်ပါလိုင်းများကို ဦးစွာနားလည်ထားရန် လိုအပ်ပေသည်။


၁။ ရန်ကုန်မြို့ပတ်လိုင်း (Circular Line)

ရန်ကုန်တစ်မြို့လုံးကို စက်ဝိုင်းပုံစံ ပတ်ပြီး မူလဘူတာဆီ ပြန်ရောက်လာမယ့် ရထားလိုင်း ဖြစ်ပါတယ်။ ကိုယ်သွားချင်တဲ့ ဘူတာပေါ်မူတည်ပြီး (၂) လိုင်း ခွဲစီးရပါမယ် -

နာရီလက်တံအတိုင်းလိုင်း (Clockwise): ကြည့်မြင်တိုင် သို့မဟုတ် အင်းစိန်ဘက်ကို အရင်သွားချင်ရင် စီးရမယ့်လိုင်း ဖြစ်ပါတယ်။

ရန်ကုန်ဘူတာကြီး \rightarrow ကြည့်မြင်တိုင် \rightarrow အင်းစိန် \rightarrow မင်္ဂလာဒုံ \rightarrow ရန်ကုန်ဘူတာကြီး

နာရီလက်တံပြောင်းပြန်လိုင်း (Anticlockwise): တာမွေ သို့မဟုတ် မင်္ဂလာဒုံဘက်ကို အရင်သွားချင်ရင် စီးရမယ့်လိုင်း ဖြစ်ပါတယ်။

ရန်ကုန်ဘူတာကြီး \rightarrow မင်္ဂလာဒုံ \rightarrow အင်းစိန် \rightarrow ကြည့်မြင်တိုင် \rightarrow ရန်ကုန်ဘူတာကြီး


၂။ အရှေ့ခြမ်းလိုင်း နှင့် အနောက်ခြမ်းလိုင်း

တစ်မြို့လုံးကို ပတ်မနေဘဲ ရန်ကုန်ဘူတာကြီး နဲ့ အင်းစိန်ဘူတာ ကြားကိုပဲ တစ်ဝက်စီ အသွားအပြန် ဖြတ်ပြေးဆွဲပေးတဲ့လိုင်း ဖြစ်ပါတယ်။

  • အရှေ့ခြမ်းလိုင်း (မင်္ဂလာဒုံဘက်ခြမ်း): ရန်ကုန်ဘူတာကြီး ကနေ တာမွေ၊ ပါရမီ၊ မင်္ဂလာဒုံ ဘက်ကပတ်ပြီး အင်းစိန်အထိပဲ ခုတ်မောင်းမည့် ရထား ဖြစ်ပါတယ်။
  • အနောက်ခြမ်းလိုင်း (ကြည့်မြင်တိုင်ဘက်ခြမ်း): ရန်ကုန်ဘူတာကြီး ကနေ လှည်းတန်း၊ ကြည့်မြင်တိုင် ဘက်ကနေ အင်းစိန်ဘူတာအထိပဲ ခုတ်မောင်းမည့် ရထား ဖြစ်ပါတယ်။

၃။ ဆင်ခြေဖုံးလမ်းပိုင်းများ (Suburban Lines)

ရန်ကုန်ဘူတာကြီးကနေ လှော်ကား နှင့် တိုးကြောင်ကလေး ဆင်ခြေဖုံးလမ်းပိုင်းများကို ပြေးဆွဲနေသောလိုင်းဖြစ်သည်။


လက်မှတ်ခနှုန်းထားများ

ရထားလက်မှတ်ခနှုန်းထားများကို မိမိစီးနင်းမည့် ဘူတာအကွာအဝေး (ဘူတာအရေအတွက်) အလိုက် အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။

စီးနင်းမည့် အကွာအဝေးကျသင့်ငွေ (ကျပ်)
ဘူတာ ၁၅ ဘူတာအထိ400 / 500
၁၅ ဘူတာ အထက်800 / 1000

ပြေးဆွဲပေးနေသည့် ရထားတွဲဆိုင်းများ

လက်ရှိပြေးဆွဲနေသော ရထားအမျိုးအစား (၃) မျိုး ရှိပါသည် -

  1. RBE (Rail Bus Engine)
  2. BEL (Battery Electric Locomotive)
  3. DEMU (Diesel Electric Multiple Unit)

စီးနင်းရမည့် အဆင့်ဆင့် လမ်းညွှန်ချက်

  • အဆင့် ၁။ ကိုယ်နဲ့ နီးစပ်ရာ ဘူတာကို သွားပါ သင့်အိမ် သို့မဟုတ် လက်ရှိရောက်ရှိနေတဲ့နေရာနဲ့ အနီးဆုံးမှာရှိတဲ့ မြို့ပတ်ရထားဘူတာတစ်ခုခုကို အရင်ဆုံး သွားရောက်ရပါမယ်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းပေါ်မှာ ဘူတာပေါင်းများစွာ ရှိတာကြောင့် မိမိနဲ့ အဆင်ပြေမယ့် ဘူတာကနေတစ်ဆင့် ခရီးစဉ်ကို စတင်နိုင်ပါတယ်။

  • အဆင့် ၂။ မိမိစီးနင်းလိုမည့် ရထားလိုင်းကို ရွေးချယ်ပါ မိမိသွားလိုတဲ့ ဦးတည်ချက်အလိုက် လိုင်းများကို မှန်ကန်စွာ ရွေးချယ်စီးနင်းရပါမယ်။

  • အဆင့် ၃။ မိမိဆင်းမည့် ဘူတာနာမည်ပြောပြီး လက်မှတ်ဝယ်ယူပါ ဘူတာသို့ ရောက်ရှိပါက လက်မှတ်အရောင်းကောင်တာတွင် မိမိသွားရောက်လိုသည့် ဆင်းမည့်ဘူတာအမည်ကို တိကျစွာပြော၍ လက်မှတ်ဝယ်ယူရပါမယ်။


ဤလမ်းညွှန်တွင် ဖော်ပြထားသော ရထားလိုင်းများနှင့် လက်မှတ်ခနှုန်းထားများသည် သွားလာသူများအတွက် အခြေခံအချက်အလက်အဖြစ်သာ ရည်ရွယ်ပါသည်။ အဆိုပါ ပြေးဆွဲမှုအချိန်ဇယားများနှင့် လမ်းကြောင်းအချက်အလက်များသည် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များမဟုတ်သည့်အတွက် မြေပြင်လက်တွေ့အခြေအနေနှင့် ကွဲလွဲမှုများ ရှိနိုင်ပါသည်။